News & Updates

ငွေကြေးအသိပညာ လေ့လာရင်း အမှတ်တရဓာတ်ပုံနှင့်အတူ ဆုငွေ ၁ သိန်း လက်ဆောင်ယူ

May 12, 2025
Spread the love

ဖေဖေမေမေ၊ ဆရာ/ဆရာမ များ နှင့် သားသားမီးမီးတို့ရေ…

ပိုးစုန်းကြူးမှ ဖန်တီးထားတဲ့ “ငွေကြေး အသိပညာ” အွန်လိုင်း သင်ခန်းစာများကို လေ့လာနေတဲ့ အမှတ်တရဓာတ်ပုံ နှင့် အတူ ဆုကြေးငွေ ရယူနိုင်မဲ့ ကမ်ပိန်း အစီအစဉ်လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ် လိုက်ပါတယ်။

👩🏻‍💻ဘယ်မှာ လေ့လာနိုင်လဲ?

Myanmar Youth Platform (mmyouth.net) ပေါ်တွင် လေ့လာနိုင်ပါတယ်။

🧑‍💻လေ့လာရမည့် ပုံစံ?

🔹Myanmar Youth Platform ပေါ်မှာ သင်ယူဖို့ အကောင့် အရင်ဖွင့်ရပါမယ်။ (Account ဖွင့်နည်း – https://www.facebook.com/share/v/16CDAB3qBr/?mibextid=wwXIfr)

🔹Course Menu အောက်က Financial Literacy ဆိုတာကို ရွေးပြီးနှိပ်ပါ။
🔹Module တစ်ခုချင်းစီရဲ့ ဘေးမှာ “Enroll” ဆိုတဲ့ ခလုပ်ကို နှိပ်ပြီး စာရင်းသွင်းပြီးနောက် စတင် လေ့လာနိုင်ပါပြီ။ Module တစ်ခုပြီးမှ တစ်ခု လေ့လာရမှာဖြစ်လို့ Module 1 မှ စတင်ပြီး လေ့လာပါ။ လောလောဆယ်တွင် Module 5 ခု အထိ တင်ထားပြီးဖြစ်ပါတယ်။

🎉Campaign မှာ ဘယ်လို ပါဝင်နိုင်မလဲ?

✅(အဆင့် ၁) ယခု Post အား အောက်ပါ Hashtag နှင့်အတူ မိမိ၏ Facebook စာမျက်နှာတွင် Share ရပါမယ်။ (#FinancialLiteracyCourse #PoeSoneKyuu_LearningStudio)
✅ (အဆင့် ၂) သင်ခန်းစာကို လေ့လာနေသော ပုံတစ်ပုံကို ရိုက်ပါ။
✅ ( အဆင့် ၃) ရိုက်ထားသော ပုံနှင့် မိမိရေးသားလိုသော စာသား (caption) တစ်ချို့ရေးပြီး ယခု post အောက်တွင့် မန့်ပေးပါ။
✅“ငွေကြေး အသိပညာ” သင်တန်းအား ကလေးတွေ လေ့လာနေကြတဲ့ပုံ၊ မိဘ နှင့် ကလေး အတူတူလေ့လာနေတဲ့ပုံ၊ ဆရာ/ဆရာမ နှင့် ကျောင်းသား အတူတူလေ့လာ နေကြပုံ၊ သူငယ်ချင်းတွေ အတူတူ လေ့လာနေကြပုံ ဘယ်လိုပုံမျိုးမဆို ပါဝင်နိုင်ပါတယ်။

⏳Campaign ကာလ?

မေလ ၇ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ပြိုင်ပွဲဝင်ဓာတ်ပုံတွေကို လက်ခံသွားမှာ ဖြစ်ပါတယ်။

🤩ဆုရွေးချယ်မည့် ပုံစံ?

ယခု post ရဲ့ အောက်တွင် လာမန့်ထားသော ပုံများ ထဲမှ ရွေးချယ်ပြီး Title ၃ ခု အတွက် ဆုပေးသွားမှာ ဖြစ်ပါတယ်။

🥇လူကြိုက်အများဆုံးဆု (Like or Love reaction အများဆုံး ရရှိသော)
🥇ဖန်တီးမှု အကောင်းဆုံးဆု (ပိုးစုန်းကြူး အဖွဲ့သားများမှ ရွေးချယ်သော)
🥇စိတ်အားထက်သန်မှု အကောင်းဆုံးဆု (ပိုးစုန်းကြူး အဖွဲ့သားများမှ ရွေးချယ်သော)

⚠️ဆုရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ အငြင်းပွားမှုများရှိလာပါက “ပိုးစုန်းကြူး” ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်။⚠️

💰ဆုကြေးငွေ ကရော ?

ဆုသုံးဆုလုံးကို မြန်မာငွေ ကျပ် (၁)သိန်း စီ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ဆိုတော့ “ငွေကြေးအသိပညာ” လည်းလေ့လာ၊ အမှတ်တရတွေ ဖန်တီးရင်း ဆုငွေလည်း ရယူနိုင်မဲ့ အခွင့်အရေးကြီးမှာ မလွှတ်တမ်း ပါဝင်လိုက်ပါ။

#FinancialLiteracyCourse
#PoeSoneKyuu_LearningStudio
#MMYouth_Platform

See less