Module – 1 ငွေကြေးဆိုင်ရာ အသိပညာ အခြေခံအကြောင်းအရာများ (Free)
About Course
ဒီအခန်းမှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဗွီဒီယိုသင်ခန်းစာတွေနဲ့ မိတ်ဆက်ပေးထားပြီး ငွေကြေးဆိုင်ရာ အသိပညာ ဆိုတာဘာလဲ ဆိုတဲ့အကြောင်းကို လေ့လာကြရမှာဖြစ်ပါတယ်။ သင်ခန်းစာတွေကို လေ့လာရာမှာတော့ တချို့သင်ခန်းစာတွေဟာ စာပိုဒ်တွေဖတ်ရတာတွေနဲ့ တချို့သင်ခန်းစာတွေမှာတော့ ဗီဒီယိုသင်ခန်းစာတွေကို ကြည့်ပြီး လေ့လာကြရမှာဖြစ်ပါတယ်။
သင်ယူသူတွေအနေနဲ့ စုစုပေါင်း သင်ခန်းစာ (၈) ခု လေ့လာကြရမှာဖြစ်ပြီး အချိန် (၁)နာရီခန့် ကြာမြင့်မှာဖြစ်ပါတယ်။
လေ့လာသူတွေအနေနဲ့ သင်ခန်းစာတွေကို အပိုင်းလိုက် လေ့လာကြရမှာ ဖြစ်တဲ့အတွက် တခါတည်း အချိန် (၁)နာရီ ပေးစရာမလိုပါဘူး။ ဒါပေမယ့်လည်း သင်ခန်းစာတွေကို အစဉ်လိုက်လေ့လာသွားဖို့တော့ လိုအပ်ပါတယ်။
သင်ခန်းစာ ရည်ရွယ်ချက်များ
ဒီ (၁) နာရီသင်ခန်းစာကို လက်တွေ့ဥပမာတွေနဲ့လေ့လာပြီးသွားရင် သင်ယူသူတွေအနေနဲ့ ငွေကြေးဆိုင်ရာ အသိပညာ အခြေခံမှတ်စုတွေကို နားလည်သဘောပေါက်သွားမှာ ဖြစ်ပါတယ်။
ဘယ်သူတွေအတွက်လဲ
အခြေအနေအမျိုးမျိုးကြောင့် ပညာဆက်လက်သင်ယူရန်ခက်ခဲနေတဲ့ အသက် ၁၃ မှ ၁၈ နှစ်အတွင်းကျောင်းပြင်က ကလေးများအတွက် ရည်ရွယ်ထားပါတယ်။ ဒီအခန်း (၁) ငွေကြေးဆိုင်ရာ အသိပညာ အကြောင်းကို မိတ်ဆက်ခြင်း အခန်းမှာ ပါဝင်တဲ့ သင်ခန်းစာအကြောင်းအရာတွေနဲ့ လေ့လာသင်ယူရမယ့် အကြောင်းအရာတွေက အသက် ၁၃ နှစ် မှ ၁၈ နှစ်အတွင်း ကလေးတွေအတွက် သင်ခန်းစာတွေကို သင့်လျော်အောင် ဆွေးနွေးရေးဆွဲ ထားပါတယ်။