မေးခွန်းများ

အမေးများသော မေးခွန်းများ

ပိုးစုန်းကြူး Learning Studio ဆိုတာဘာလဲ?
ပိုးစုန်းကြူး Learning Studio သည် မြန်မာနိုင်ငံရှိ အမျိုးသမီးဦးဆောင် လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ကလေးများအတွက် ပျော်ရွှင်စရာ လက်တွေ့ကျသင်ယူမှုများ၊ သင်ကြားရေးပစ္စည်းများ၊ ဒစ်ဂျစ်တယ်သင်တန်းများနှင့် ပညာရေးဂိမ်းများကို ပံ့ပိုးပေးပါသည်။
ဒီပရိုဂရမ်က ဘယ်သူတွေအတွက် ရည်ရွယ်ပါသလဲ?
မြန်မာစကားပြောတတ်သူများနှင့် မြန်မာ၊ အင်္ဂလိပ် သို့မဟုတ် နှစ်ဘာသာစလုံးဖြင့် သင်ယူလိုသူများအတွက် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့၏အရင်းအမြစ်များသည် အသက် ၇ နှစ်မှ ၂၂ နှစ်အထိ ကလေးများနှင့် လူငယ်များအပြင် အလုပ်များသော ဆရာများနှင့် မိဘများအတွက် အသုံးပြုရလွယ်ကူသော အရည်အသွေးမြင့် သင်ယူမှုပစ္စည်းများကို ပံ့ပိုးပေးပါသည်။
မည်သည့် ဘာသာရပ်(သို့) ကျွမ်းကျင်မှုတွေကို အဓိကသင်ကြားပေးပါသလဲ?
မြန်မာစာ၊ ပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ်၊ လူမှုရေးဘာသာရပ်၊ ဒီဂျစ်တယ်နည်းပညာနှင့် ကျန်းမာရေး၊ လိင်ပညာပေးခြင်း အစရှိသော အရေးကြီးသည့် သင်ခန်းစာများနှင့် ကျွမ်းကျင်မှုများကို သင်ကြားပေးပါသည်။
ကလေးတစ်ဦးက တစ်နေ့ကို ဘယ်လောက်အချိန်ပေးသင်ယူဖို့လိုပါသလဲ?
တစ်နေ့လျှင် မိနစ် ၃၀ သာလိုအပ်ပြီး မိမိ အဆင်ပြေသော အချိန်နှင့် ကိုက်ညီစေရန် စီမံနိုင်ကာ ဆန်းသစ်ပျော်ရွှင်ဖွယ်၊ သင်ယူမှုပုံစံဖြစ်ပါသည်။
ကလေးတွေက ဒီပရိုဂရမ်နဲ့ ကိုယ်တိုင်သင်ယူနိုင်ပါသလား?
ဟုတ်ကဲ့၊ ကျွန်ုပ်တို့၏သင်ခန်းစာများတွင် ကာတွန်းများ၊ ဂိမ်းများနှင့် ပုံပြင်များပါဝင်ပြီး လူကြီးများ၏ အဆက်မပြတ်ကြီးကြပ်ရန် မလိုဘဲ ကလေးများကိုယ်တိုင်လေ့လာနိုင်ပါသည်။
မိဘများသည် သူတို့၏ကလေး၏ တိုးတက်မှုကို မည်သို့ ခြေရာခံနိုင်မည်နည်း?
မိဘများသည် နေ့စဉ်သင်ယူမှုမှတ်တမ်းအီးမေးလ်များကို လက်ခံရရှိမည်ဖြစ်ပြီး သူတို့၏ကလေး၏ တိုးတက်မှုအခြေအနေကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်ပါသည်။
သင်ခန်းစာများကို ကို မိုဘိုင်းစက်ပစ္စည်းများတွင် အသုံးပြုနိုင်ပါသလား?
ဟုတ်ကဲ့၊ ကျွန်ုပ်တို့၏ပလက်ဖောင်းသည် မိုဘိုင်းဖုန်းများနှင့် အဆင်ပြေစွာ အသုံးပြုနိုင်ပြီး အင်တာနက်ရှိသည့် မည်သည့်နေရာမှမဆို ဝင်ရောက်အသုံးပြုနိုင်ပါသည်။ အင်တာနက်မလိုဘဲ အသုံးပြုနိုင်သည့် စနစ်ကိုလည်း မကြာမီ မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။
ဆရာများအနေဖြင့် ပိုးစုန်းကြူး မှ မည်သို့ အကျိုးကျေးဇူးရရှိနိုင်မည်နည်း?
ဆရာများသည် အဆင်သင့်သုံးနိုင်သော သင်ခန်းစာအစီအစဉ်များနှင့် စိတ်ဝင်စားဖွယ်ကောင်းသည့် သင်ထောက်ကူပစ္စည်းများဖြင့် အချိန်ကုန်သက်သာစေပြီး သင်ကြားရေးအတွက် အထောက်အကူဖြစ်စေပါသည်။
မည်သည့် ဘာသာစကားများ နှင့်သင်ယူနိုင်သလဲ?
ကျွန်ုပ်တို့၏ ပစ္စည်းများကို မြန်မာ၊ အင်္ဂလိပ် နှင့် အခြားဘာသာစကားများဖြင့် ရရှိနိုင်ပါသည်။
ကျွန်ုပ်၏ကလေး သို့မဟုတ် ကျောင်းသားကို မည်သို့စာရင်းသွင်းနိုင်မည်နည်း?
ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်တွင် သင်လိုချင်သော သင်တန်း သို့မဟုတ် သင်ယူမှုကိရိယာကို ရွေးချယ်ခြင်းဖြင့် လွယ်ကူစွာ စာရင်းသွင်းနိုင်ပါသည်။ ငွေပေးချေမှုနှင့် မှတ်ပုံတင်ခြင်းတို့မှာ ရိုးရှင်းပြီး လုံခြုံစိတ်ချရပါသည်။
နည်းပညာဆိုင်ရာ အခက်အခဲများ သို့မဟုတ် အကူအညီလိုအပ်ပါက ဘာလုပ်ရမည်နည်း?
ကျွန်ုပ်တို့အဖွဲ့သည် အီးမေးလ် သို့မဟုတ် ပိုးစုန်းကြူး facebook messenger မှတစ်ဆင့် သင့်အား အကူအညီပေးရန် အဆင်သင့်ဖြစ်နေပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်တွင် လွယ်ကူစွာ လိုက်နာနိုင်သော လမ်းညွှန်ချက်များနှင့် အမေးများသော မေးခွန်းများကိုလည်း ပံ့ပိုးပေးထားပါသည်။
ဝယ်ယူခြင်းမပြုမီ သင်ခန်းစာနမူနာ စမ်းကြည့်လို့ရမလား?
ဟုတ်ကဲ့၊ ဝယ်ယူမပြုမီ ကျွန်ုပ်တို့၏ သင်ကြားမှု စတိုင်နှင့် အကြောင်းအရာများကို ခံစားနိုင်ရန် အခမဲ့ နမူနာ သင်ခန်းစာများ ရရှိနိုင်ပါသည်။
သင်တန်းပြီးဆုံးပါက လက်မှတ်များ သို့မဟုတ် အသိအမှတ်ပြုလက်မှတ်များ ပေးပါသလား?
ဟုတ်ကဲ့၊ သင်ယူသူများသည် သူတို့၏အောင်မြင်မှုများကို အသိအမှတ်ပြုသည့် သင်တန်းပြီးဆုံးကြောင်း လက်မှတ်များကို ရရှိမည်ဖြစ်ပါသည်။

မေးခွန်း မေးရန်

ပိုးစုန်းကြူး နဲ့ဆက်သွယ်လိုပါက သို့မဟုတ် မေးမြန်းလိုသည်များရှိပါက ကျွန်ုပ်တို့ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်နော်။